Main menu

ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးရှိ ဆန်ဆိုင်များအား မြေပြင်စစ်ဆေးမှုအခြေအနေ

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒေါ်မြင့်မြင့်အေး(ဦးစီးမှူး)၊ ဒေါ်သင်းထက်ဇာ (အငယ်တန်းစာရေး)၊ ဦးချမ်းမြေ့အောင် (အငယ်တန်းစာရေး) တို့နှင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ (ဈေးများ ဌာန)၊ ကျေးလက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပျဉ်းမနားမြို့နယ် အာဟာရသုခဈေးရှိ ဆန်ဆိုင်များ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

      ထိုကဲ့သို့ စစ်ဆေးရာတွင် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးရှိ ဆန်ဆိုင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ထုတ်ပြန်ချက်တွင် ပါဝင်သည့် အခြေခံ ရည်ညွှန်းဈေးနှုန်း၊ ဈေးနှုန်းသတ်မှတ်ချက်များအတိုင်း ရောင်းချစေရေး ၎င်းဈေးနှုန်းထက် အဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများ ဖြစ်စေရေး ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)