
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမည်ဖြစ်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးပြောကြားခြင်း၊ တက်ရောက်လာသော တိုင်းဒေသ ကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများမှ လိုအပ်သည်များအား ဆွေးနွေးပြောကြားခြင်းနှင့်အ ထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေး ပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)