
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများစျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် မြိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက် (၇း၀၀)အချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းရပ်၊ မိုးပုလဲလမ်း၌ အခြေခံစားကုန်များနှင့် စားအုန်းဆီများ ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ အခြေခံစားကုန်များရောင်းချရာတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ချဉ်ပေါင်ရွက်၊ ဆား စသည်တို့ပါဝင်ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)