Main menu

တာချီလိတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်အတွင်းရှိ ဆန်ဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့၊ ဝမ်ကောင်း ရပ်အတွင်းရှိ ဆန်ဆိုင်များတွင် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးများကို အဓိကရောင်းဝယ်မှု ပြုကြသည်ကိုတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများမှ ဆန်ဆိုင်ပိုင်ရှင်များအား သင့်တင့် မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြု ကြရန်၊ ဆန်တန်ချိန်(၂၅)ဆံ့သိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်ရန်ကျန်ရှိသော ဆန်ဆိုင် များအား မှတ်ပုံတင်ပြုလုပ်ရန်၊ မှတ်ပုံတင်ထားရှိသောသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား Update ဖြည့်သွင်းနိုင်ရေးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသောဈေးနှုန်းဈေးကွက် ထုတ်ပြန်ချက် များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)