
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်း/ခရိုင်/မြို့နယ် စားသုံးဆီဖူလုံရေးကြီးကြပ်မှု ကော် မတီကို (၉.၆.၂၀၂၅)ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မကွေးမြို့ပေါ် နှင့် မကွေးမြို့အနီးတစ်ဝိုက်ရှိ ဆီစက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ စက်မှုမှတ်ပုံ တင်ထားရှိသော ဆီစက်များသို့ သွားရောက်၍ (၁)ရက်၊ (၁)လ၊ (၁)နှစ်ကြိတ်ခွဲထုတ်လုပ်မှုအခြေ အနေနှင့် ပဲဆီ၊ နှမ်းဆီများရောင်းချသည့် ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းခဲ့ပြီး ရော နှောဆီ(Blanded Oil)အဖြစ် အစားအသောက်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ ဖြန့်ဖြူးခြင်း(သို့)ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ၂၀၂၄ခုနှစ်၊ မတ်လ(၂၉)ရက်နေ့တွင် အမိန့် အမှတ်(၂/၂၀၂၄)ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) ထောက်ခံချက် ရရှိပြီးမှသာ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရောနှောဆီ(Blanded Oil)ကို အမှတ်တံဆိပ် ကပ်ရာတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ (၂၀.၁.၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၂ ဖြင့် ထုတ်ပြန်ခဲ့သည့် အသင့်ထုပ်ပိုးထားသော အစားအသောက် များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့်ပါဖော်ပြချက်များကို လိုက်နာရမည့်အပြင် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် (၃.၁၂.၂၀၁၉)ရက်နေ့ တွင် ဘူးသွပ်ဆီနှင့်ပတ်သက်၍ ကုန်အညွှန်အမှတ်အသားဖော်ပြရာတွင် အမျိုးအမည်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း စသည့်အချက်(၃)ချက်ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ဆီစက်ပိုင်ရှင်များအနေဖြင့် မိမိတို့ရဲ့ကုန်အမှတ်တံဆိပ်ကို တခြားသူ များက တုပရောင်းချတာမျိုးမဖြစ်စေရန် မိမိတို့ ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မူပိုင်ခွင့်ဦးစီးဌာန တွင် မူပိုင်ခွင့်လျှောက်ထားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဖြင့် ဆီစက်များ၏ အမှတ်ကြိတ်ခွဲထုတ်လုပ်မှုကိုသိရှိပြီး ပြည်ပ မှ စားအုန်းဆီတင်သွင်းမှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်မူဝါဒများ ချမှတ်နိုင်ရေးအတွက် အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း ရေးသားအပ်ပါသည်။
DOCA(မကွေး)