
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ အာလူးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေး အလိုက်) ကျပ်(၄၄၀၀-၄၇၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေးအလိုက်) ကျပ်(၃၅၀၀-၃၈၀၀)ဖြင့်ရောင်းချခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)ပိဿာလျှင် ကျပ်(၉၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် မင်းဘူးမြို့အတွင်းသို့ ကုန်ဝင်ရောက်မှု နည်းပါးလာပါသဖြင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)