
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိအဖွဲ့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကမာရွတ်မြို့နယ်၊ အမှတ်(၇)၊ Junction Square အခန်း(၀၂-၂၄) Online Shop လုပ်ငန်းသို့သွားရောက်၍ မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိမှ လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက် အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)