Main menu

အင်းစိန်မြို့နယ်ရှိ 360° စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         (၁၇.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းထိုက်စိုး၊ အကြီးတန်းစာရေးသည် အင်းစိန်မြို့နယ်ရှိ 360° စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၁၂/၉)၊ အောက်မင်္ဂလာဒုံလမ်း၊ တညင်းကုန်းလမ်းမပေါ်ရှိ 360° စက်သုံးဆီဆိုင်မှ တာဝန်ခံက မိမိဆိုင်တွင် ကားများတန်းစီစောင့်ဆိုင်းဝယ်ယူခြင်းလည်းမရှိပါကြောင်း၊ ရရှိသောခွဲတမ်းများကိုလည်း အချိုးကျစွာရောင်းချပေးလျက်ရှိပါကြောင်း၊ ချိန်တွယ်ရာတွင်လည်း လီတာများကို ပြည့်ဝစွာချိန်တွယ်ပေးသောကြောင့် စိတ်ကျေနပ်မှုရရှိစေပါကြောင်း၊ ရောင်းချသောဈေးနှုန်းမှာလည်း အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်သောရည်ညွှန်းဈေးအတိုင်း ရောင်းချပေးပါကြောင်း၊ ရောင်းချသောဈေးနှုန်းများကိုလည်း အများပြည်သူမြင်သာအောင် LED ဘုတ်များဖြင့် ဖော်ပြထားပါကြောင်းနှင့် မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ သိုလှောင်ထားခြင်း များမပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)