
(၁၇.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးသည် Denko စက်သုံး ဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် တန်(၁၀၀)၊ ဆန်စက်အနီး၊ ကျွန်းကလေးကျေးရွာ လှည်းကူးမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ စက်သုံးဆီကို (၄)မျိုးစလုံးရောင်းချလျက်ရှိကြောင်း ရောင်းချသောဈေးနှုန်းမှာလည်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ကော်မတီမှ သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ နေ့စဉ် ဆီဘောက်ဆာကားအဝင်များနှင့် စက်သုံးဆီပြတ်လပ်မှုများကိုလည်း သက်ဆိုင်ရာဌာနများသို့ ပေးပို့လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကိုလည်း လိုက်နာလျက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA (ရန်ကုန်)