Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြော

Powered by Drupal

           (၁၇.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ် မြို့မဈေးတာဝန်ခံ ဦးဝေလင်းအောင်ပူးပေါင်းပါဝင်လျက် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဒေါ်ဖြူဖြူမြင့်မှ စားသုံးသူများ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းအတွက် အားနည်းချက်၊ အားသာချက်များကို၎င်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့်အချက်အလက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ လိမ်လည်မှုများနှင့်မှတ်ပုံတင် ထားသည့်အွန်လိုင်းရောင်းချမှုလုပ်ငန်းမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိသည့်အကျိုးရလဒ်များကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ (၁၁)ဦးတက်ရောက်ခဲ့ကာ (၀၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)