Main menu

လှိုင်သာယာ(အနောက်ပိုင်း)ရှိ အမှတ်(၂၀)ဈေးသို့ စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

             (၁၇.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးအပါပါ (၄)ဦး၊ ဆီကုန်သည်များအသင်းမှ (၂)ဦး၊ ဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် ဈေးအတွင်း စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အနော်ရထာလမ်းမကြီးပေါ်ရှိ အမှတ်(၂၀)ဈေး၊ ရုံ(ဃ)၊ မြေညီထပ်၊ အမှတ်(၆၆) ခင်အောင်မြင့်ဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိသည်ရရှိ သောခွဲတမ်းများကို စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းလိုက်ခွဲထားပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နံနက်(၉)နာရီ မှ (၄)နာရီအထိ ရောင်းချပေးပါကြောင်း ထုတ်ရန်ကျန်ရှိသော စာအုပ်များကိုလည်း နောက်တစ်နေ့ နံနက်ပြန်လည်ထုတ်ပေးပါကြောင်း ရောင်းချမှုလက်ခံ ဘောင်ချာများလည်းထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)