Main menu

အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေးတွင် စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးအပါအဝင် (၃)ဦး၊ ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်(၂)ဦး၊ ဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် (၁၇.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေးရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

               ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘိုကုန်းဈေးရှိ နော်ဘွေစေးစားအုန်းဆီလက်လီအရောင်းဆိုင် သို့ ရောက်ရှိခဲ့ရာ မိမိသည် သံသာကုမ္ပဏီမှ ရရှိသောခွဲတမ်းများအား သတ်မှတ်ဈေးနှုန်းအပေါ် (၂%) အမြတ်တင်၍ ရပ်ကွက်နေစားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်းနှင့် မိမိတို့ဌာနမှလည်း အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)