Main menu

ကယားပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်းများအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅  ခုနှစ်၊  ဇူလိုင်လ( ၁၇ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကယားပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်မျာအသင်းနှင့်တွေ့ဆုံဆွေးနွေးမှု  ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးက လက်ရှိ လွိုင်ကော်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၁၂)ဆိုင်သည် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ဈေး နှုန်းဖြင့် စားအုန်းဆီများအား လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားအုန်းဆီအရောင်း ဆိုင်များအနေဖြင့် စားအုန်းဆီများအား သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ် မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထုလက်ဝယ်အရောက် ရောင်းချသွားရန်လိုအပ်ကြောင်း၊ ထပ်တိုးရရှိထားသော စားအုန်းဆီတန်(၁၀၀) အပေါ်မူတည်၍ အရောင်းဆိုင် ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် လိုအပ်နေမှုအခြေအနေအားလည်းကောင်း၊ မလိုလားအပ်သော နေရာ များသို့ မရောင်းချမိစေရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အတွင်းသို့ ပြည်သူများ ပြန်လည်ဝင်‌ရောက်နေထိုင်မှု များပြားလာခြင်းကြောင့် အပတ်စဉ် ထုတ်ယူရောက်ရှိလာသည့် စားအုန်းဆီများ၏ရောင်းလိုအား၊ ဝယ်လိုအားအခြေအနေများအားလည်းကောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း တက်ရောက်လာကြသော ပြည်နယ်ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား နံနက်(၁၁:၃၀)  နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)