
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၄)ဦးသည် သက်ဆိုင်ရာမိတ် ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုး လက်လီ/လက္ကား ရောင်းချ နေသော ကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ တရားမဝင်ကုန်စည်များရောင်းချခြင်းရှိ/မရှိ ဈေး ကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ရောင်းချနေသော အရန်သင့်အစားအစာအများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉) ပါကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ တရား မဝင်ကုန်စည်များရောင်းချရောင်းချနေမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အရန်သင့်အစားအစာ အမျိုး မျိုး လက်လီ/လက္ကား ရောင်းချနေသော အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်စားသောက်ကုန်ပစ္စည်းများကိုသာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက် ကြရန် ၊ တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုကြရန်နှင့် တရားမဝင် ကုန်စည်များရောင်းချခြင်း၏ ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(ကယား)