Main menu

အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအကြောင်းအသိပညာပေးဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း()ဦးသည် လွိုင်ကော်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း( ၁၂၀ )ဦးကို  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းရှင်းလင်းဆွေးနွေးခဲ့ရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေပါ မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတက်စေရန် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက် များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေး ကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှ ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT Ooredoo Atom Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများ ပြုလုပ်နိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီးကျောင်းကျန်းမာရေးအဖွဲ့ နှင့်အတူကျောင်းမုန့်ဈေးတန်းများပါ တစ်ပါတည်းစစ်ဆေး ဆောင် ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)