Main menu

ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့်ရေဘေးကယ်ဆယ်ရေး စခန်း(၂)ခုဖွင့်လှစ်ထားရှိ

Powered by Drupal

  မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက် မြေနိမ့်ပိုင်းနေရာရှိ နေအိမ်များသို့ ရေကြီးရေလျှံမှု ဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေး စခန်း(၂) ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ကြောင်း သိရသည်။

    ဘီးလင်းမြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် ဘီးလင်းမြစ်၏ စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအနီး (၁၀၀၀) စင်တီမီတာသို့ ရောက်ရှိလာသည့်အတွက် မြို့ပေါ်ရပ်ကွက် (၂) ခု တို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ ရေဘေးသင့်ဒေသမှ ပြည်သူများအား မြို့နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ စီစဥ်မှုဖြင့် တပ်မ‌တော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင် များက ယနေ့ နေ့လယ်ပိုင်းတွင် ယာယီရေဘေး ကယ်ဆယ်ရေး စခန်း (၂) ခု သို့အိမ်ထောင်စု (၁၄၅)စုမှ ကျား (၁၉၂)ဦး၊ မ(၂၁၃)ဦး၊စုစုပေါင်း (၄၀၅)ဦးတို့အား ပြောင်းရွှေ့နေရာချထား ခဲ့ကြောင်း သိရသည်။

DOCA (မွန်)