Main menu

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ရေနံစိမ်းဝယ်လိုအားတိုးလာမှုများ ဆက်လက်တည်ရှိနေ

Powered by Drupal

      ဇူလိုင်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်သော ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ OPEC ၏ ကြေညာချက်အရ  ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ရေနံဝယ်လိုအားမြင့်တက်လာမှုသည် မပြောင်းလဲပဲဆက်လက်တည်ရှိနေကြောင်း နှင့် ကမ္ဘာ့စျေးကွက်အတွက်ကောင်းမွန်လျက်ရှိ ကြောင်း သိရပါသည်။ OPEC ၏လစဥ် ရေနံစျေးကွက်အစီရင်ခံစာအရ ဝယ်လိုအားသည် နှစ်စဥ် ရေနံစည်ပေါင်း ၁.၃ သန်းခန့် မြင့်တက်လာနိုင်ကြောင်း သိရပါသည်။ ၎င်းက စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD) မှ ‌ရေနံစိမ်းဝယ်လို အားသည် ၂၀၂၅ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁သိန်းခန့် ရှိလာနိုင်ကြောင်း နှင့် OECD မဟုတ်သောအခြားအဖွဲ့အစည်းများ၏ ရေနံစိမ်းဝယ်လိုအားသည် ၂၀၂၅ ခုနှစ်တွင် တစ်နေ့လျှင် ၁.၂ သန်းခန့် ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။ အထက်ပါ ကမ္ဘာ့စီးပွားရေးခန့်မှန်းမှုနှင့် ပတ်သက်၍ OPEC က ကမ္ဘာ့စီးပွားရေးသည် ၂၀၂၅ ခုနှစ်ပထမနှစ်ဝက်အစောပိုင်းတွင် တွေ့ရသော တိုးတက်မှုအခြေအနေ ကောင်းမွန်မှုကြောင့် ယခုတိုးတက်မှုလမ်းကြောင်းသည် မပြောင်းလဲပဲ ဆက်လက်ကောင်းမွန်နေဆဲဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် OPEC က ကမ္ဘာ့စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် ၂.၉ ရာခိုင်နှုန်းမြင့်တက်လာနိုင်ပြီး ၂၀၂၆ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်းမြင့်တက်လာနိုင်သည် ခန့်မှန်းထားကြောင်း ယခင်လတွင်ဖော်ပြခဲ့သော ၎င်း၏ အစီရင်ခံစာများအရ သိရပါသည်။

Xinhua                                                                                             

  DOCA(ရန်ကုန်)