
ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များအရ ပြည်တွင်း ငွေတန်ဖိုးကျဆင်းနေမှုကြောင့် တောင်ကိုရီးယားနိုင်ငံ၏ တင်သွင်းကုန်တန်ဖိုးများ ၅ လဆက် ကျဆင်းနေကြောင်း သိရပါသည်။ တင်သွင်းကုန်တန်ဖိုးများသည် ဖေဖော်ဝါရီလမှစ၍ ဇွန်လအစောပိုင်းအထိ ၀.၆ ရာခိုင်နှုန်းခန့် ကျဆင်းနေကြောင်း ကိုရီးယားဘဏ် (BOK)၏ ဖော်ပြ ချက်အရ သိရပါသည်။ ၎င်းတစ်ဆက်တည်းကျဆင်းလာမှုသည် ရေနံစိမ်းတန်ဖိုးမြင့်တက်မှုနှင့် နှိုင်းယှဥ်လျှင် ပြည်တွင်းသုံးငွေ တက်လာမှုကြောင့် ဖြစ်ကြောင်း သိရပါသည်။ ရေနံစျေးတန်ဖိုးမြင့် တက်မှုကြောင့် ကုန်ကြမ်းတင်သွင်းကုန်တန်ဖိုးများ လစဥ် ၁.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ ကြားခံကုန်ပစ္စည်းများ တင်သွင်းကုန်တန်ဖိုးသည် ဓာတုပစ္စည်းများ၊ သတ္တုထုတ်ကုန် များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ စက်ပစ္စည်းများ နှင့် လျှပ်စစ်ကိရိယာများအတွက် စျေးနှုန်း ကျဆင်းမှုကြောင့် ၁.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ တောင်ကိုရီယားနိုင်ငံ၏ တင်ပို့ ကုန်ပစ္စည်းများတန်ဖိုးသည်လည်း ဇွန်လအစောပိုင်းမှစ၍ သုံးလဆက် ၁.၁ ရာခိုင်နှုန်း ဆက်လက် ကျဆင်းနေကြောင်း သိရပါသည်။
Xinhua
DOCA(ရန်ကုန်)