
အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဇူလိုင်လ ၁၄ ရက်နေ့တွင် မက္ကစီကိုနိုင်ငံမှ တင်သွင်းသော ခရမ်းချဥ်သီးများအပေါ် အခွန် ၁၇.၀၉ ရာခိုင်နှုန်း တိုးမြင့် ကောက်ခံလိုက်ကြောင်း သိရပါသည်။ ၎င်းလုပ်ဆောင်ချက်သည် လတ်ဆတ်သော ခရမ်းချဥ်သီးများအား အဓမ္မစျေးဖြင့် ရောင်းဝယ်ခြင်းကို စုံစမ်းစစ်ဆေးခြင်းကို ဆိုင်းငံ့ရန် နှစ်နိုင်ငံကြား သဘောတူညီထားသော ၂၀၁၉ သဘောတူညီချက်ကို နုတ်ထွက်လိုက်ခြင်း ဖြစ်ကြောင်း သိရပါသည်။ ဧပြီလအစောပိုင်းတွင်ထုတ် ပြန်သော ၎င်းဌာန၏ ထုတ်ပြန်ချက်အရ မမျှတသောစျေးနှုန်းဖြင့် မက္ကစီကိုမှ ခရမ်းချဥ်သီးများ တင်သွင်းမှုကို ကာကွယ်ရန်အတွက် လက်ရှိသဘောတူညီချက်ဖြတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါဌာနသည် လက်ရှိတွင် တရားမျှတမှုမရှိသော ကုန်သွယ်မှုများကြောင့် ထိခိုက် နစ်နာခဲ့ရသည့် အမေရိကန် ကုမ္ပဏီများ နှင့် စက်မှုလုပ်ငန်းများအတွက် သက်သာစေမည့် ပြိုင်ဆိုင်မှု အလွဲသုံးစား ပပျောက်ရေးနှင့် တန်ပြန်အကောက်ခွန် ၇၃၄ ခုအား ထိန်းသိမ်းထားပြီဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃.၆၃ ဘီလီယံတန် ကြေး ရှိသော ခရမ်းချဥ်သီးများကို တင်သွင်းခဲ့ပြီး ၃.၁၂ ဘီလီယံခန့်သည် မက္ကစီကိုမှတင်သွင်းသော ခရမ်းချဥ်သီးများဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ ခရမ်းချဥ်သီး စိုက်ပျိုးသူများသည် ၎င်းတို့အား စျေးကွက်ပြိုင်ဆိုင်မှုမှကာကွယ်ပေးစေနိုင်သော အဆိုပါလုပ်ဆောင်မှုအတွက် ချီးကျူ မှုများ ပြုလုပ်ခဲ့ပြီး ခရမ်းချဥ်သီးစိုက်ပျိုးသူအများစုသည် အမေရိကန်နိုင်ငံ၏ ဒုတိယအများဆုံး စားသုံးသည့် ဟင်းသီးဟင်းရွက် ကွင်းဆက်ဖြတ်တောက်သွားမည်ကို စိုးရိမ်နေကြောင်း သိရပါ သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick သို့ပေးပို့သောစာစောင်တွင် အမေရိကန်ကုန်သည်များအသင်းနှင့် တစ်ခြားသော စီးပွားရေးအဖွဲ့အစည်း ၃၀ ခုက အမေရိကန်ခရမ်းချဥ်သီးစျေးကွက်ကို ဖြတ်တောက်သွားစေပြီး စီးပွားရေးနယ်ပယ်တွင် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်မည့် ၂၀၁၉ သဘောတူညီချက်မှ နုတ်ထွက်မည့် အရေးကို ပြန်လည် စဥ်းစားသုံးသပ်ပေးရန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ တိုက်တွန်းခဲ့ကြောင်း သိရပါသည်။
Xinhua DOCA(ရန်ကုန်)