Main menu

ကမ္ဘောဒီးယားနိုင်ငံအတွင်း ပြည်တွင်းရော်ဘာအစေး သုံးစွဲမှု မြင့်တက်

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်တွင်းရော်ဘာရော်ဘာစေးသုံးစွဲမှုသည် ၂၀၂၅ ခုနှစ်၊ ပထမ ခြောက်လတွင် တန်ချိန် ၈၅,၀၀၀ သို့ မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်တစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ၉၂ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ယခုကဲ့သို့ သိသာ ထင်ရှားစွာ မြင့်တက်လာရခြင်းမှာ နိုင်ငံတော်အတွင်း လည်ပတ်နေသော တာယာထုတ်လုပ် သည့် စက်ရုံအများအပြားမှ ရော်ဘာကုန်ကြမ်းအစေးများ၀ယ်လိုအား ကြီးထွားလာခြင်းကြောင့် ဖြစ်သည်။ ဇန်နဝါရီလမှ ဇွန်လအထိ ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာအစေး ၁၄၁,၈၈၅ တန် ခန့်ထုတ်လုပ်ခဲ့ပြီး ၂၀၂၄ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၀.၁၀ ရာခိုင်နှုန်းခန့်အနည်းငယ် လျော့ကျသွားကြောင်း ရော်ဘာအထွေထွေ ညွှန်ကြားရေးမှူးရုံးမှ ထုတ်ပြန်သော အစီရင်ခံစာ တွင် ဖော်ပြထားသည်။အလားတူကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ပြည်ပသို့ရော်ဘာ အစေး ၁၁၂,၅၉၅ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀၈.၆ သန်းရရှိ ခဲ့ကြောင်း အစီရင်ခံစာ တွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာကုန်ပစ္စည်းများကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိသည်။

Source: Khmer Times

DOCA(ရန်ကုန်)