
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံး မှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း(၂) ဦးသည် ဈေးစည်ပင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ တာမွေမြို့နယ်၊ တာမွေယာယီဈေးအတွင်းရှိ စားသုံးဆီ အမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကိုစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများ ညွှန်ကြားချက်နှင့်အညီဖော်ပြထားသည်ကို စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်နှင့် ခွဲတမ်းရ စားသုံးဆီများကိုလည်း သတ်မှတ်ဈေးများအတိုင်း အလေးချိန်မှန်ကန်စွာ ချိန်တွယ်ရောင်းချပေးရန် ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)