Main menu

အ.ထ.က-၂ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့  အခြေခံပညာအထက်တန်းကျောင်း၌ ၁၁ရပ်ကွက် ရှိ အ.ထ.က-၂ ကျောင်းကို (၁၄-၇-၂၀၂၅)ရက်နေ့ နံနက် ၈နာရီခွဲက စားသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာ တို့နှင့် ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအစာများ ရောင်းချခြင်း မရှိစေရေး၊ အသင့်စား စားသောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ အသင့်စား စားသောက်ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုစစ်ဆေးခြင်း၊  ကျောင်းသား ကျောင်းသူများအား အရောင်ဆိုးဆေး ပါဝင်သော မုန့်များ စားသောက်ခြင်း မရှိစေရေးအတွက် ဈေးဆိုင်ပိုင်ရှင်တို့အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)