Main menu

မအူပင် အ.ထ.က ၂ အထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

  ၁၄-၇-၂၀၂၄ ရက်နေ့ နံနက်(၁၀၁၅) အချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တိုင်းရေးဆေးပညာဦးစီးဌာနတို့ ပါဝင်သော အဖွဲ့သည် မအူပင်မြို့ ၁၁ရပ်ကွက်၊ ၁၀လမ်းထပ်ရှိ အ.ထ.က-၂ အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး၊ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ဟောပြောပွဲတွင် စားသုံးသူရေး ရာဦးစီးဌာနမှ တာဝန်ရှိသူများက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

            ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကျောင်းသား/ကျောင်းသူများကို လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းကို ကျောင်းသား/သူများ မှတ်သားလိုက်နာဆောင်ရွက်နိုင်ဖို့က အရေးကြီးကျောင်းနှင့် ကျောင်းသို့ ဌာနဆိုင်ရာများက လူငယ်အသိပညာပေး ဟောပြောခြင်းကိုလည်း ကြိုဆိုကြောင်း သက်ဆိုင်ရာဌာနများက အသိပညာပေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဟောပြောပေးနိုင်ရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ အခြားသက်ဆိုင်ရာဌာနများက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် လူငယ်များသိသင့်သော အသိပညာပေးခြင်းများကို အသီးသီးဟောပြောခဲ့ကြသည်။

            ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေး အကြောင်း ကျောင်းသား/သူများ သိရှိသင့်သလောက် သိရှိပြီး စားသုံးသူအခွင့်အရေးအကြောင်းကို ကျောင်းသားများ နားလည်သလောက် တစ်ဦးချင်း မေးမြန်းဆွေးနွေးပြီး၊ စားသုံးသူအခွင့်အရေး နစ်နာမှု ရှိပါက မည်သည့်ဌာနသို့ တိုင်ကြားနိုင်ကြောင်း မေးမြန်းခြင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အမေးအဖြေပြုလုပ်ပြီး ဆုချီးမြှင့်ခြင်း ဆောင်ရွက်ခဲ့ပြီး အလွယ်တကူဆက်သွယ်တိုင်ကြားလိုရသော စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center1535 သို့ ဆက်သွယ်ဆောင်ရွက် တိုင်ကြား မေးမြန်းနိုင်သည့် အကြောင်း များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/သူဆရာ/ဆရာမ (၁၅၇)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)