
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၇.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၆)ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆေးဆိုင် လိုင်စင်သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှုမှတ်ပုံတင်စာရင်း များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်လိုင်စင်သက်တမ်းတိုးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်း ဆည်းမှုမှတ်ပုံတင်စာရင်းများအားစစ်ဆေးခဲ့ပြီး မကွေးခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံး သူများအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် စားသုံးသူများသိရှိစေရန်ဖော်ပြရမည့် အချက် များအကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား သန့်ရှင်းသပ်ရပ်စေရေး၊ တရားဝင်တင်သွင်း လာသော ဆေးများနှင့် အရည်အသွေးပြည့်ဝပြီး အာမခံချက်ရှိသော ဆေးဝါးနှင့်ဆေးပစ္စည်းများသာ ဆိုင်တင်ရောင်းချရန်၊ ဆေးနှင့်ဆေးပစ္စည်းများအား ဆေးအာနိသင်မပျက်ဆီးစေရန် စနစ်တကျသို လှောင်ထားရှိရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)