
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဝန်ထမ်းများသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေး နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၁၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် တွင် မကွေးမြို့ ရန်ပယ်ဈေးရှိဆန်ဆိုင်များအား ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးအတွင်း ရောင်းချခြင်း ရှိ/မရှိ၊ အချိန်အတွယ်ဖြင့်ရောင်းချသည့် စားသုံးဆီအရောင်းဆိုင်များတွင် ရောနှောဆီ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်အမှတ်တံဆိပ်ပါ ဘူးသွင်းဆီများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ဆန်ဆိုင်များတွင် ထုတ်ပြန် ထားသည့် သတ်မှတ်ရည်ညွှန်းဈေးအတွင်း ရောင်းချကြောင်း၊ အချိန်အတွယ်ဖြင့် ရောင်းချသည့် စားသုံး ဆီအရောင်းဆိုင်များတွင် အမျိုးအမည်နှစ်ခု ရောနှောရောင်းချမှုမရှိကြောင်းနှင့် ကုန်အမှတ်တံဆိပ်ပါ ဘူးသွင်းဆီ များတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောနှောဆီရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဆွေးနွေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ သည်။
DOCA(မကွေး)