
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (ဧရာ၀တီတိုင်းဒေသကြီး)ညောင်တုန်းမြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စိမ်းလဲ့မြေဆန်စက်ပိုင်ရှင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်လွင်က ဆန်စက်အသင်းလုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရေါဂချယ်တင်မြှောက်ခြင်းလုပ်ငန်းများ အကြောင်းကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အပြင် ပြည်တွင်းကုန်သွယ်မျုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေး ပို့ကုန်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အသင်းအဖွဲ့များ အားကောင်းစေရန်လိုအပ်ကြောင်း၊ ပြည်တွင်ဒေသတွင်းဆန်စက်လုပ်ငန်းအများ ဖွံ့ဖြိုး တိုးတက်စေရန်လိုအပ်ကြောင်း၊ ဒေသတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု အတွက် အရေးပါသော အသင်းအဖွဲ့၊ စပါးကြိတ်ခွဲရာတွင် ခေတ်မှီဆန်များဖြင့် အရည်အသွေးပြည်မှီစွာ ထွက်ရှိရေး အရေးပါသော အစုအဖွဲ့ မှ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောာကြားဆွေးနွေးခဲ့ပြီး အမှုဆောင်အသစ်ရွေးချယ်ပွဲကို ရွေးချယ်ဆောင်ရါက်ခဲ့ကြသည်။
မြို့နယ်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာမှ ရွေးချယ်တင်မြှောက်ခဲ့သော ရွေးချယ်ခံရသည့် အမှုဆောင်များ၏ အမည်စာရင်းကို ဖတ်ကြားပြီး အမှုဆောင်အသစ် ၁၅ဦး ပါဝင်ကြောင်း၊ ရွေးချယ်တင်မြှောက်ခံအသင်းမှ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပေးပါရန်နှင့် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်နိုင်ရန်တို့ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)