Main menu

ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက် ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုအစီစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်းကဏ္ဍများ ထဲမှ ကုန်စည်ဝန်ဆောင်မှုနှင့် ပက်သက်ပြီး စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက် အကြောင်းအရာ များ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းအောင် ဈေးကွက်အတွင်းရှိ စားသုံးရန်မသင့်သော အစားအစာများ ပပျောက်စေရန် ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူဥပဒေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လူထုကို မီဒီယာမှ တဆင့် ဖြန့်ဝေပေး လျက်ရှိကြောင်း အသိပညာပေး ခဲ့ပါသည်။ ၎င်းအပြင် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ် လာပါက လူကိုယ်တိုင်သော်လည်းကောင်း ၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြား နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)