
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ ဧရာဝတီတိုင်းဒေသကြီး ၊ ပန်းတနော်မြို့နယ်၏ ၂၀၂၅-၂၀၂၈ သက်တမ်းကာလ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ၁၂-၇-၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ပန်းတနော်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဆန်စက်လုပ်ငန်းရှင်များ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆန်စက်အသင်းကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဒေါ်သင်းသင်းမာမှ ဆန်စက်အသင်း လုပ်ငန်းရှင်အသင်းခွဲ အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ခြင်းလုပ်ငန်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မိမိတို့ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေး ပို့ကုန်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အသင်းအဖွဲ့၊ အစုအဖွဲ့များ ရှင်သန်အားကောင်းစေရန်လိုအပ်ကြောင်း၊ ဒေသတွင်းဆန်စက်လုပ်ငန်းအများ ဖွံ့ဖြိုး တိုးတက်မှ ဒေသတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု ကောင်းမွန်ရန် အသင်းအဖွဲ့များ ဆောင်ရွက်ရန ်အဓိကအရေးကြီးကြောင်း ၊ စပါးကြိတ်ခွဲရာတွင် ခေတ်မှီဆန်များဖြင့် အရည်အသွေးပြည်မှီစွာ ထွက်ရှိမှ ပြည်ပတင်ပိုနိုင်၍ ပြည်ပဝင်ငွေ ရရှိနိုင်မည် ဖြစ်ကြောင်း ၊ အသင်းအဖွဲ့၊ အစုအဖွဲ့ မှ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားဆွေးနွေးခဲ့ပြီး အမှုဆောင် အသစ်ရွေးချယ်ပွဲကို ရွေးချယ်ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာမှ ရွေးချယ်တင်မြှောက်ခဲ့သော ရွေးချယ်ခံရသည့် အမှုဆောင်များ၏ အမည် စာရင်းကို ဖတ်ကြားပြီး အမှုဆောင်အသစ် ၁၉ဦး ပါဝင်ကြောင်း၊ ရွေးချယ်တင်မြှောက်ခံအသင်းမှ ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပေးပါရန်နှင့် ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး ဆောင်ရွက်နိုင်ရန်တို့ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)