Main menu

မကွေးတိုင်းဒေသကြီးအတွင်း MyRO တွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအပါအဝင် ဆန်စပါးသိုလှောင်ရုံများအား မှတ်ပုံတင်ခြင်း လုပ်ငန်းကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ()ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ  ဆန်(၂၅)တန် နှင့်အထက်၊ စပါး(၂၅၀၀)တင်းနှင့်အထက် သိုလှောင်ရောင်းချသည့် ဆန်စပါးသိုလှောင်ရုံများကို MyRO တွင် မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ခဲ့ရာ ယခုအခါ မကွေးတိုင်းဒေသကြီးအနေဖြင့် ဆန်စပါး သိုလှောင်ရုံ စုစုပေါင်း (၂၅၂) လုံး မှတ်ပုံတင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
   မကွေးတိုင်းဒေသကြီးအနေဖြင့် မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးဖြစ်သည့် ဆန် စပါးသိုလှောင်ရုံများ၊ ကုမ္ပဏီပိုင်ရှင်များသည် ၂၀၂၅ခုနှစ်၊ ဇွန်လမှစတင်၍ မှတ်ပုံတင် သက်တမ်း တိုးခြင်းကို စတင်ဆောင်ရွက်လျက်ရှိပါသည်။ MyRO Website ဖြစ်သော www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များနှင့် ကုမ္ပဏီပိုင်ရှင်များသည် ၎င်းတို့၏ ကိုယ်ပိုင်အကောင့် များဖြင့်   မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ခြင်းရှိသလို Website နည်းပညာအခက်အခဲရှိသော ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များသည် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မိမိသက်ဆိုင်ရာ ခရိုင်/မြို့နယ်ရုံး များသို့ လာရောက်၍ သက်တမ်းတိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းကြောင့် MyRO Website အသုံးပြုနည်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း (၂၄..၂၀၂၄) ရက်နေ့မှ (၁၈..၂၀၂၅)ရက်နေ့အထိ မှတ်ပုံတင်သက်တမ်းတိုးရမည့် သိုလှောင် ရုံစုစုပေါင်း (၁၀၈) လုံးရှိရာ သိုလှောင်ရုံ စုစုပေါင်း(၆၁)လုံး မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ပြီးစီး လျက်ရှိကြောင်း သိရှိရပါသည်။ ဆက်လက်၍ သက်တမ်းတိုးရန်ကျန်ရှိသည့် ဆန်စပါး သိုလှောင်ရုံများအား MyROတွင် မှတ်ပုံတင်သက်တမ်းတိုးရန် အသိပေးအကြောင်းကြားပြီး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းအပြင် သက်တမ်းတိုးခြင်းလုပ်ငန်းများလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)