Main menu

ကံမမြို့၌ အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၄-၇-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူ များဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက်  အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက် ခဲ့ကြောင်း သိရသည်။
 ကံမမြို့နယ်တာဝန်ခံက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း အကြောင်းအရာများအား လည်းကောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက ဆက်သွယ်တိုင်ကြား နိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline (1535) နေပြည်တော်ရုံးချုပ် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေး တိုင်း‌ဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၃)သို့လည်းကောင်း ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များမဆို ဆက်သွယ် တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက် ပေးလျက် ရှိပါကြောင်းနှင့် သရက်ခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူ သတင်း ပြန်ကြားရေးနှင့် လက်ခံ ဆောင်ရွက်ရေးစင်တာ (CICC)ကို ၂၀၂၅ခုနှစ်၊ မတ်လမှစတင်ဖွင့်လှစ်ထား ရှိပြီး ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)