
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်(၇၉)ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်(၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၁၂.၇.၂၀၂၅ ရက်နေ့တွင် ဆန် (၂၄) ပြည်၊ ဆီ (၇၅)ပိဿာ၊ ဆား(၃)ပိဿာ၊ ကုလားပဲ(၁၁)ဘူး၊ ငါးပိ(၂)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၅)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၅) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၅၂၁)ပြည်၊ ဆီ (၈၅၉၃) ပိဿာ ၊ ဆား(၂၅၇) ပိဿာ၊ ကုလားပဲ(၈၈၉)ဘူး၊ ငါးပိ(၁၁၇)ပိဿာ၊ ငါးခြောက် (၇၂)ပိဿာ၊ ပုဇွန်ခြောက်(၂၂)ပိဿာ (၅၀) ကျပ်သား၊ ကြက်သွန်နီ (၈၆၈) ပိဿာ၊ အသားတု( ၉၅) ပိဿာ၊ ကြက်ဥ (၉၆၈၆) လုံး၊ ဘဲဥ (၁၄၃၉)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။
ယနေ့ရောင်းချရာတွင်ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့်စစ်ကိုင်းမြို့ရှိ ပတ္တမြားရပ်ကွက် အနောက်ပိုင်းတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)