
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ဦးစားပေး ကုန်စည် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်း မှပပျောက်စေရန် ရည်ရွယ်၍ (၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့ပေါ် ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော သောက်ရေသန့်များအား ညွှန်ကြားချက် များနှင့် ကိုက်ညီမှုရှိ/မရှိ မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရောင်းချနေသော သောက်ရေသန့်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/ ၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ် အသား ပြည့်စုံစွာဖော်ထားသော ကုန်စည်များ ကိုသာရောင်းချရန်၊ သက်တမ်းလွန်ပစ္စည်း များကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ အကြောင်းအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)