Main menu

ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဂန့်ဂေါ မြို့၊ စည်ပင်သာယာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆရာ၊ဆရာမ()ဦး၊ ကျောင်း သား၊ ကျောင်းသူ(၄၉)ဦး၊ စုစုပေါင်း(၅၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟော ပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
   အဆိုပါဟောပြောပွဲတွင် ဌာနမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန် များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုခြင်း ကြောင့် နစ်နာဆုံးရှုံးများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာ ကိစ္စ များ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားရှိပြီး ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး မည်သည့်ဖုန်းဖြင့်မဆို ခေါ်ဆိုပြီးမေးမြန်းဆွေးနွေးနိုင်ကြောင်း ရှင်းလင်း အသိပညာပေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)