Main menu

ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဆိပ်ဖြူ မြို့၊ ရွာသစ်ရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ(၂၆)ဦး၊ ကျောင်းသား/ ကျောင်းသူ(၂၂၁)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊  ဌာန၏သမိုင်းကြောင်းနှင့်လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်း အမှတ် အသားဖော်ပြ ချက်များ၊ တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်သည့်နေရာများနှင့် Consumer Call Center (1535) အကြောင်းအားလည်းကောင်း၊   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးက ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာ များအား လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

DOCA(မကွေး)