Main menu

မြိတ်မြို့သို့ဆန်လှေရောက်ရှိလာမှုအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

  မြိတ်ခရိုင်ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များမှ မြိတ်ခရိုင်အတွက် ဧရာဝတီတိုင်းမှ ဆန် များဝယ်ယူ၍ မြိတ်မြို့သိူ့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး မြိတ်ခရိုင်စားသုံး သူရေးရာဦးစီးဌာနမှအပါအဝင် အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ခရိုင်ရဲတပ်ဖွဲ့တို့မှ မြိတ်မြို့သို့ရောက်ရှိလာသော ဆန်လှေများ အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးချက်အရ မြိတ်မြို့၊ သို့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ ဝယ်ယူလာသော MS ပြည့်ဖြိုးအောင်(၉)ရေယာဉ်တွင် ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀)နှင့် MV စန္ဒီ(၁)ရေယာဉ်တွင် ဆန်တန်(၃၅၀)၊ အိတ်ရေ(၇၀၀၀)တို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှဝယ်ယူလာသော MV မြမြမွန်ရေယာဉ်ဖြင့် ဆန်တန် (၄၇၅)၊ အိတ်ရေ (၉၅၀၀)တို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)