Main menu

“ မြို့သစ်ရပ်ကွက် အခြေခံမူလတန်းကျောင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ”

Powered by Drupal

     ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပတိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

        ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံမူလတန်းကျောင်းတွင် ဇူလိုင်လ (၁၂)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီ အချိန်တွင် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်‌ချုပ်ရေးမှူးများ၊  လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက မြို့သစ်ရပ်ကွက် အခြေခံပညာကျောင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေသာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်‌)