
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး သန်လျင်မြို့မှ ဝန်ထမ်းများသည် ကျိုက်ခေါက်ဘုရားလမ်း၊ သန်လျင်မြို့တွင်ရှိသည် Orange Super Market အတွင်း ရောင်းချ လျက်ရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် Orange Super Market အတွင်း ရောင်းချလျက်ရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် အိမ်သုံး လျှပ်စစ်ပစ္စည်းများအား ပြည့်စုံစွာ ဖော်ပြနိုင်ရေး လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)