Main menu

မုဒုံမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်( MEVM ) ကိုင်တွယ် အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၁.၇.၂၀၂၅ ရက်နေ့ နံနက် (၉း၀၀) နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ချိုချိုထက်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်ပညာရေးမှူးနှင့် သင်တန်းနည်းပြများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း အဆင့်ဆင့် ထိန်းချုပ်စက်ကိုင်တွယ်နည်း၊ ထိန်းချုပ်စက်ကိုင်တွယ်သူအတွက် လုပ်ငန်းစဥ်တို့ကို ဆွေးနွေးသင်ကြားပို့ချပေးသည်။

သင်တန်းကို နည်းပြ (၈)ဦးမှ သင်တန်းသား ရပ်ကွက်/ ကျေးရွာ စာရေးဝန်ထမ်း (၄၂) ဦး၊ ဆရာ/ဆရာမ(၅၃၇)ဦး၊ စုစုပေါင်း (၅၇၉) ဦးတို့အား ဇူလိုင်(၂၁)ရက်နေ့မှ (၂၄)ရက် နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)