Main menu

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

  ၁၆.၇.၂၀၂၅ ရက်နေ့ မွန်းလွဲ(၁း၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၌ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ် တာဝန်ခံတို့သည် ကံ့ကော်ရပ်ကွက်၊ မူလတန်းလွန်ကျောင်းမှ ကျောင်းသာ/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

    ထိုသို့ ဟောပြောဆွေးနွေးရာတွင် ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းက စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် တာဝန်(၄) ရပ်အကြောင်း ဟောပြောဆွေးနွေးပြီး မြို့နယ်တာဝန်ခံ ဦးဇော်ဦးက စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင် သည့်နေရာနှင့် နည်းလမ်းများအကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ကျောင်းသား/သူ (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)