
၁၇.၇.၂၀၂၅ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီလက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ စားအုန်းဆီရောင်းချနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်း ထွန်းမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်မှု ရှိ/မရှိနှင့် သတ်မှတ် ဗီနိုင်းချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး တစ်ပိဿာလျှင် (၆၇၃၂) ကျပ်ဖြင့် (၂၂၀) ပိဿာရောင်းချကြောင်း သိရှိရပါသည်။
DOCA (မွန်)