Main menu

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ရုံးပတီသီး နှင့် သံပုရာသီး ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းအတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီး များကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး ၏ ရုံးပတီသီး ဈေးနှုန်းများမှာ လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ရုံးပတီသီး လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေး နှုန်းတို့ဖြင့်ရောင်းချခဲပါသည်။

     အလားတူပင် သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင် (၂၀၀)ကျပ်၊ (၅၀၀)ဖိုး (၃)လုံး၊ သံပုရာသီး အလတ်(၁)လုံးလျှင်(၁၅၀)ကျပ်နှင့် သံပုရာသီး အသေး တစ်လုံးလျှင်(၁၀၀/၅၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံ မျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)