Main menu

“ သုံးခွမြို့နယ်တွင်ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားသောက်ကုန်အသား၊ ငါး ဈေးနှုန်းများ”

Powered by Drupal

          ဇူလိုင်လ တတိယအပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော အသား၊ ငါးဈေးနှုန်းများအနေဖြင့် ဗမာကြက်တစ်ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အသား တိုး(CP)ကြက် တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၃၀၀၀၀-၃၅၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၃၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီးဖြစ်ပေါ်လျက်ရှိရာ ယခင်အပတ်တွင် အသားတိုး CP ကြက် ဈေး(၂၀၀၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ပစ္စည်းအနည်းငယ် အဝင်များလာ၍ ယခင်အပတ် ထက် ဈေးလျော့နည်းရခြင်းဖြစ်ကြောင်း သိရသည်။

          အလားတူ ငါးဈေးနှုန်းများ အနေဖြင့် ငါးကြင်းဖြူ တစ်ပိဿာလျှင် အကောင်အကြီး၊ အသေးပေါ်မူတည်၍ (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀) ကျပ်၊ ပင်လယ်ငါး(ငါးပုတ်သင်)တစ်ပိဿာလျှင် ငါးအရွယ်စုံအလိုက် (၁၃၀၀၀မှ ၁၈၀၀၀)ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။

         အသား၊ ငါးဈေးနှုန်းများ အနေဖြင့် ပစ္စည်းဝင်ရောက်မှု အနည်း/အများပေါ်မူတည်၍ ဈေး နှုန်းအတက်အကျ အနည်းငယ်ပြောင်းလဲမှုရှိကြောင်း၊ အသားများမှာ ဒေသတွင်းမှ ကုန်ကြမ်းရရှိ ၍ ရောင်းချခြင်းဖြစ်ပြီး ငါးများကိုမူ ရန်ကုန်ရွှေပိတောက်ငါးဈေးမှ နေ့စဉ်ဝယ်ယူရောင်းချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)