Main menu

ဘီးလင်းမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲ ပြိုင်ပွဲများပြုလုပ်

Powered by Drupal

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ၁၆.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည် ကိုးဦး အကြောင်း တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

 ထို့နောက် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာမှ သုတ၊ ရသစာအုပ်မျာနှင့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)