
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းရေးစစ်ဆေးခြင်းလုပ်ငန်းကို ၁၆.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများနှင့်ပူးပေါင်း အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း၌ အစားအသောက်များ ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ ရက်လွန်အစား အစာများရောင်းချမှု ရှိ/မရှိ၊ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ စျေးကွက်ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA (မွန်)