Main menu

စားသောက်ဆိုင်များအစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၁၅.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ‌မော်လမြိုင်မြို့နယ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများတွင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှု ပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)