Main menu

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ Talk Show ဆောင်ရွက်မှု

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(ဦးစီးမှူး)သည်                 ၁၅-၇-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ “စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်‌ရေး        စင်တာ”၏ လုပ်ငန်းဆောင်ရွက်မှုနှင့် “စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေ”များ အကြောင်း (Talk Show)ဆွေးနွေးပြောကြားခဲ့ပါသည်။

   ဆွေးနွေးပြောကြားရာတွင် Consumer Call Center, 1535 ၏ ရည်ရွယ်ချက်များအကြောင်း ဆွေးနွေးရာတွင် ဌာနနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေချောမွေ့လာစေရန်၊ ဌာန၏လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပိုမိုနားလည်လာစေရန်၊ ဌာနအပေါ် ယုံကြည်ကိုးစားမှု ရရှိလာနိုင်စေရန်၊ ဌာန၏ ပုံရိပ်ပိုမိုကောင်းမွန်လာစေရန်၊ ဌာန၏ လုပ်ငန်းများသည် ခေတ်နဲ့အမှီ       e-Government ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်သည့် လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပေါ် လာစေရန်ဖြစ်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ လက်ခံဆောင်ရွက် မှုမရှိသည့်တိုင်ကြားမှုများအကြောင်း၊ တိုင်ကြားမှုနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကြောင်းနှင့် စားသုံးသူကာကွယ်ရေးနည်းဥပဒေ၊ နည်းဥပဒေများအကြောင်း (Talk Show) ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)