Main menu

တနင်္သာရီတိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်အသင်း ဖွဲ့စည်းနိုင်ရေးအတွက် မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ Zoom Meeting ဖြင့် တက်ရောက်

Powered by Drupal

 ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ကျင်းပဆောင်ရွက်သော တိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်အသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် EC/CEC များရွေးချယ်နိုင်ရေးအတွက် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စားသုံးသူ ရေးရာဦးစီးဌာနတွင် မြိတ်ခရိုင်ဦးစီးမှူးနှင့်အတူ မြိတ်မြို့ရှိ ဆန်စက်လုပ်ငန်းရှင်များမှ Zoom Meeting (Online) ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
    အဆိုပါ အစည်းအဝေးတွင် စီးပွားရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တနင်္သာရီ တိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်‌ရေးအတွက် EC/CEC များရွေးချယ်ခြင်းနှင့် ရွေးချယ်ခံရသူများအား အတည်ပြု၍  စီးပွားရေးဝန်ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကိုနေ့လည်(၁၂း၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)