Main menu

ရွှေဘိုခရိုင် နွေစပါး ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ခုနှစ်တွင် နွေစပါးအမျိုးအစားအလိုက် (၁၀၀၉၇၂)ဧက စိုက်ပျိုးပြီး ဇွန်လလယ်ပိုင်းမှ စတင်၍ ရိတ်သိမ်းရာ ယခု ဇူလိုင်လဆန်းပိုင်းတွင် (၃၀)ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးစီး၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျင် ၈၅.၆၅တင်းနှုန်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရသည်။ ရွှေဘိုခရိုင်အတွင်း ၂၀၂၄-၂၀၂၅နွေစပါး ပေါက်ဈေးမှာ ရွှေဝါထွန်း စပါး တင်း၁၀၀လျင် ၁၄၀၀၀၀၀ကျပ်၊ (၇၄၇)စပါး တင်း၁၀၀လျင် ၁၄၀၀၀၀၀ကျပ်ရှိပြီး၊ ရွှေဝါထွန်းဆန် စက်ကျ (၁၁၁)ပေါင်ဝင် အိတ်တစ်အိတ်လျင် (၆၃၀၀၀)ကျပ်၊ ၇၄၇ဆန် စက်ကျ (၁၁၁)ပေါင်ဝင် အိတ်တစ်အိတ်လျင် (၅၈၀၀၀)ကျပ်ဖြင့် မန္တလေးမြို့သို့ အဓိကထား၍ ပေးပို့သည့်အပြင် မကွေးမြို့၊ ချောက်မြို့ ၊ ညောင်ဦးမြို့စသည့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး ဆန်ဈေး၊ စပါးဈေးမှာတည်ငြိမ်နေ၍ အရောင်းအဝယ်မှာလည်း ပုံမှန်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)