Main menu

တာဟန်းဈေးကွက်အတွင်းဖြစ်ပေါ်နေသည့် ငရုတ်သီးစိမ်း ဈေးနှုန်းအနည်းငယ်မြှင့်တက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့ပေါ်တွင် ဈေးကြီး ( ၄ ) ဈေးရှိသည့်အနက် တာဟန်းဈေးသည် ချင်းတိုင်းရင်းသား အများစု ဈေးရောင်းချလျက်ရှိသော ဈေးဟု လူသိများကြပါသည်။

       တာဟန်းဈေးအတွင်းတွင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ကုန်ခြောက်များ စုံလင်စွာရောင်းချကြပြီး ၎င်းကုန်စိမ်းများအနက် ဆည်တော်ဦး၊ ကျောင်းတိုက်ကျေးရွာများမှ ထွက်ရှိသည့် ငရုတ်သီးစိမ်းရောင်းဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် ( ၁၅၀၀၀ ) ကျပ် ငရုတ်စိမ်း ( ၁ ) ဗူးလျှင် ( ၁၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးနှုန်းအနည်းငယ်မြှင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)