
၁၀-၇-၂၀၂၅နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ရုံးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စိုက်ပျိုးမွေးမြူ ရေးပတ်သက်၍ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အတူ ဌာနဆိုင်ရာများနှင့်အတူ zoom အစည်းအဝေးတက်ရောက်ခဲ့ကြသည်။
ဆွေးနွေးရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် စပ်လျဉ်သည့် ကိစ္စရပ်များအကြောင်းကို သက်ဆိုင်ရာဌာနများမှ သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရန်ကို မှာကြားပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် ကမ္ဘာကြီးပူနွေးလာရသည့် အကြောင်းရင်းများ၊ ရာသီဥတုပြောင်းလဲရသည့် အဓိကအကြောင်းရင်းများ၊ ငါးမွေးမြူရေးသည် ကုန်းနေတိရစ္ဆာန်များ၊ ငါးများ၏ မွေးဖွားနှုန်းနှင့် ရှင်သန်နှုန်းသည် ပိုမိုမြင့်မားခြင်းကြောင့် ဇီဝဗေဒအရထိရောက်သော မွေးမြူရေးလုပ်ငန်းဖြစ်ကြောင်းနှင့် ငါးမွေးမြူရေးလုပ်ငန်း များကို တိုးချဲ့ဆောင်ရွက်မည်ဆိုပါက ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုဆိုင်ရာအချက်အလက်များကို သတိပြုရန်အချက်များကို ဆွေးနွေးခြင်း၊ စိုက်ပျိုးမွေးမြူရေးတွဲဖက်ခြင်းနည်းအားဖြင့် ဂေဟဗေဒနှင့် စီးပွားရေးအရ အကျိုးကျေးဇူးများ၊ ငါးမွေးမြူရေးမှ စွန့်ပစ်ဇီဝအညစ်အကြေးများကို ဟင်းသီးဟင်းရွက်အပင်မှ ပြန်လည် အသုံးချနိုင်ခြင်း၊ မွေးမြူရေးကန်မှပတ်ဝန်းကျင်သို့ စွန့်ပစ်သည့် ရေပမာဏလျှော့ချနိုင်ခြင်းနှင့် ကန်ရေကိုအချိန်ကြာမြင့်စွာ အသုံးပြု နိုင်ပါသည်။ ရေသုံးစွဲမှုလျှော့ချခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းခြင်း၊ အထူးသဖြင့် မိုးနည်းသောဒေသနှင့် အအေးပိုင်းဒေသများတွင် သိသာစွာ အကျိုးဖြစ်ထွန်းစေနိုင်ကြောင်းနှင့် ထို့အပြင် ငါးထွက်ကုန်သာမက တွဲဖက်သီးနှံထုတ်ကုန်ကိုလည်း ထုတ်လုပ်မှု ကုန်ကျစရိတ်အနည်းငယ်ဖြင့် ရရှိနိုင်ကြောင်း တို့၏ အားနည်းချက်၊ အားသာချက်အကြောင်းတို့ကို ရှင်းလင်းမှာကြားခဲ့ကြောင်း ခရိုင်အဆင့် စိုက်တိးမြှင့်အဖွဲ့များမှ အသေးစိတ်လေ့လာဆောင်ရွက်သွားနိုင်ရန်တို့ကို မှာကြားရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)